အဘူဟိုရိုင်ရာ- ရေ၀ါယတ်ပြုသည် ၊ ရစူလွလ္လာသခင်မိန့်တော်မူသည်၊ (ယကူနို့ ၊ဖွီအွမ္မတီ ရဂျို့လွန် ၊အစ္စမို့ဟူ ၊နအ်မာနွန်ဝကို့နိုယတို့ဟွန် ၊အဘူဟနီဖွာ ) အဓိပ္ပါယ်ကား ၊ ငါ၏အွမ္မတ်တွင် လူတဦး ပေါ်ထွက်လာအံ့၊နာမမှာ (နအမန်) ၄င်း ၊ (အဘူဟနီဖွာ) ဟုကျော်ဇောလာအံ့ ၊ (တို့ ၀စေရာဂျို့ အွမ္မတီ ၊ကာန ၊လဟူ၊ သလာသံ) ထိုသည်သည် ငါ၏အွမ္မတ်တွင် မီးခွက်မီးတိုင်ဖြစ်လာအံ့ဟု၊ ၃ ကြိမ် မိန့် တော်မူခဲ့လေသည်။အပ္ပဒွလ်လ္လာ အွမ္မရ်သခင်အမိန့်ရှိသည်။ရစူလွလ္လာသခင်မိန့်တော်မူသည်။ (စယကူနို့ ၊အွမ္မတော့ ၊ရဂျို့လွန် ၊ ယို့ကာလို့ ၊ လဟူနအမနွန်) အဆုံးတိုင်၏ အဓိပ္ပါယ်ကား ၊ ငါ၏အွမ္မတ် အနက်(နအမန်) အမည်ရှိသူတဦးမွေးဖွားလာအံ့၊အရှင်မြတ်က ၄င်း၏လက်တွင် ၊ငါ၏ (ရှရီအတ်) နှင့် (စွန္နတ်)တော်ကိုမြဲခိုင်တည်တန့်ရန်ပေးသနားတော်မူအံ့ မောင်မင်းတိုကအနက်က ၊၄င်းသူနှင့်ကြုံ တွေ့လျှင် ချမ်းသာရမည်ဟူသောသတင်းကောင်းကိုပေးကြလော၊၄င်းသူသည် ငါ၏အွမ္မတ်တွင်မီးခွက်မီးတိုင်ဖြစ်လာ အံ့ဟူ၏။
ပလီတကာ ခလီဖွာဟ်ဦမြစ် ရေးသားသော
မြင်နဟာဂျွလ်မိုဆွာလ်လီဖွေကာ ကျမ်းတော်ကြီးမှ ဖော်ပြသည်